Friday, June 17, 2016

အမှတ်တရ

မင်းကိုသတိရလွန်းလို့
တမ်းတမှုတွေနဲ့ နလန် မထူနိုင်တဲ့နေ့တွေမှာ
မင်း........ငါ့ကိုမေ့နေမှာပါ ။
မတော်တဆ ယောင်ယမ်းပြီးများ
မင်းအတွေးထဲ စက္ကန့်ပိုင်းလောက်
ငါရောက်ခဲ့ရင်
မင်း....ပြုံးနေလိုက်ပါ ။
ငါ့ အချစ်က မင်းကို
ရယ်စရာတစ်ခု ဖြစ်စေခဲ့မယ်ဆိုရင်ပဲ
သေရာပါမယ့် အလွမ်းဒဏ်ရာတွေနဲ့
နာကျင် ဝမ်းနည်းစွာ
ငါ..... ကျေနပ်နေမှာပါ ။
မင်းခဏခဏ ငါ့ကိုပြောပါတယ်....
ဒီစကားလေ ပြောတိုင်း မင်းပြုံးနေခဲ့တယ်
{စဉ်းစာကြည့်လေ ငယ်တော့တဲ့အရွယ်မှမဟုတ်တာ ဟီး. . . .}

No comments:

Post a Comment