Saturday, June 25, 2016

ကောင်မလေး (၃)

ကောင်မလေးရေ. . .
မင်းအမှတ်တမဲ့ပြောတတ်တဲ့စကားတိုင်းက
ကောင်လေးကို ငိုအောင်... ရယ်အောင်... ကြိုးဆွဲရာကစေနိုင်တယ်ဆိုတာ မင်းမှတ်ထားပါ....။

Friday, June 24, 2016

နှစ်ယောက်အချစ်က မြေဇပင်လား?

ကိုယ်အချစ်က မင်း တစ်ယောက်တည်း ကို တောင့်တနေတာ အခြေအနေနဲ့ အသိုင်းအ၀ိုငးကြားမှာ ငါ့တို့နှစ်ယောက်အချစ်က မြေဇပင်လား

ဒီနှလုံးသား



ဒီနှလုံးသား ကသိပ်ကြောက်တတ်ပါလား ပရိယာယ် တော့ သုံး မှ ဖြစ်တော့မယ်

Friday, June 17, 2016

ကောင်မလေး (၂)

ကောင်မလေးရေ....
တခါတလေလောက်
မင်းဘက်ကအရင် ဂရုစိုက်ပေးလိုက်ပါ....
မင်းအံ့သြသွားရလောက်အောင်
ကောင်လေးဘယ်လောက်ပျော်ရွှင်သွားမယ်ဆိုတာ
မြင်ရပါလိမ့်မယ်...။

အမှတ်တရ

မင်းကိုသတိရလွန်းလို့
တမ်းတမှုတွေနဲ့ နလန် မထူနိုင်တဲ့နေ့တွေမှာ
မင်း........ငါ့ကိုမေ့နေမှာပါ ။
မတော်တဆ ယောင်ယမ်းပြီးများ
မင်းအတွေးထဲ စက္ကန့်ပိုင်းလောက်
ငါရောက်ခဲ့ရင်
မင်း....ပြုံးနေလိုက်ပါ ။
ငါ့ အချစ်က မင်းကို
ရယ်စရာတစ်ခု ဖြစ်စေခဲ့မယ်ဆိုရင်ပဲ
သေရာပါမယ့် အလွမ်းဒဏ်ရာတွေနဲ့
နာကျင် ဝမ်းနည်းစွာ
ငါ..... ကျေနပ်နေမှာပါ ။
မင်းခဏခဏ ငါ့ကိုပြောပါတယ်....
ဒီစကားလေ ပြောတိုင်း မင်းပြုံးနေခဲ့တယ်
{စဉ်းစာကြည့်လေ ငယ်တော့တဲ့အရွယ်မှမဟုတ်တာ ဟီး. . . .}

Wednesday, June 15, 2016

ရင္ဖြင့္သံ


ကောင်မလေး(၁)

ကောင်မလေးရေ..
ကောင်လေး က မင်းကို အရမ်းချစ်ပြီး အလိုလိုက်ပေးနေလို့အနိုင်မကျင့်ပါနဲ့...
သူလဲ နာကျင်တတ်တဲု့လူသားပဲလေ...။